Saturday, October 29, 2011

the walls

ကျောက်ဂူနံရံတွေကို
ကွန်ကရစ်နံရံအဖြစ်သို့
ငါတို့ပြောင်းလဲအောင် စွမ်းနိုင်ခဲ့ကြတယ်။
နံရံဆိုတာ
ငါတို့ကို ကာကွယ်ပေးဖို့
သတ်မှတ်ထားတဲ့အကာအရံတွေပါပဲ။
ဒါပေမယ့် သမိုင်းခေတ်တစ်ချို့မှာတော့
လူတစ်စုကို ကာကွယ်ဖို့၊
လူထုကို ပိတ်လှောင်ထားတဲ့နံရံမျိုးလည်း ရှိပြန်တယ်။
ယုံကြည်မှု၊ ခံယူချက်တွေ၊ အမြင်တွေကို
ကာဆီးထားတဲ့ အကာအရံ။
ဒီလိုနံရံတွေကို ဖြိုဖျက်ဖို့
ကြိုးပမ်းခဲ့သူတွေက သူရဲကောင်းတွေ။

ပိတ်လှောင်ထားတဲ့ နံရံတွေရဲ့အပြင်ဘက်မှာ
အလင်းရောင်တွေရှိပြီး။
ကာကွယ်ထားတဲ့ နံရံတွေရဲ့အတွင်းဘက်မှာတော့
လင်းရောင်တွေ ဖြာလင်းနေခဲ့တယ်။

ငါတို့တစ်ဦးချင်းအတွက်လည်း
နံရံတွေ။
အသိတရား၊ ဆင်ခြင်မှုတွေနဲ့ ကာကွယ်ထားတဲ့နံရံ။
အတ္တ၊မောဟ၊လောဘ၊ဒေါသတွေနဲ့ ပိတ်လှောင်ထားတဲ့နံရံ။
ငါတို့တွေအတွက်
ငါ့ကိုငါရဲ့ ရန်သူ၊ ငါ့ကိုငါရဲ့ သူရဲကောင်း
ရွေးချယ်ဖို့ 
နံရံတွေကို ကာကွယ်ကြမယ်။
နံရံတွေကို ဖြိုဖျက်ကြမယ်။ ။ ။

Friday, October 28, 2011

ပစ်ဖဲ

လက်ကလွှတ်ချလိုက်တဲ့ အချိန်မှာပဲ
မင်းဘက်က မသက်ဆိုင်တော့သလို                
ဥပက္ခာပြုနိုင်ခဲ့တယ်။
ငါ့ကို
မင်းကိုယ်တိုင်တန်ဖိုးတွေဖြတ်၊
မင်းအတွက် အနိုင်၊အရှုံးတွေတွက်ပြီး
အဆုံးမှာတော့ ငါ့ကိုစွန့်ခဲ့တာပါပဲ။
မင်းအတွက်က 
အသစ်သစ်သောအရာတွေကို
ကျေနပ်မှုတွေ၊ အနိုင်တွေဆောင်ယူလာမလားဆိုတဲ့
မျှော်လင့်မှုနဲ့စောင့်ရင်း ရှင်သန်နေဦးမှာပါ။
ငါ့အတွက်တော့
မင်းအတွက်မလိုအပ်ဘူးဆိုတာ ထုတ်ပြခံရပြီး
အိနြေ္ဒမဲ့စွာ ရှိသမျှတန်ဖိုးတွေကို ဖွင့်ပြခံလိုက်ရတာပါပဲ။
မင်းမဟုတ်တဲ့ တစ်ခြားတစ်ယောက်အတွက်
ငါ့တန်ဖိုးက အနိုင်ရလဒ်ဖြစ်စေခဲ့မယ်ဆိုလည်း
မင်းကနာကျည်းစွာ အပြစ်ဆိုမယ့်အဖြစ်ကို
ငါသိတယ်။

ကစားပွဲမှာ ငါကအဖြည့်ခံတန်ဖိုးပေမယ့်
မင်းအတွက်အနိုင်ရလဒ်သာ ငါ့ကြောင့်ဖြစ်စေမယ်ဆို
ငါကျေနပ်နိုင်ခဲ့မှာပါ

Tuesday, October 25, 2011

” ရန်သူ……ဟေ့….ရန်သူ”။

 ငါ့အဖေကို ပုတ်ခတ်သူ
” ရန်သူ……ဟေ့….ရန်သူ”။
 ငါ့သားတွေကို အပြစ်ပြောသူ
” ရန်သူ……ဟေ့….ရန်သူ”။
 ငါ့အဆွေကို ရန်ရှာသူ
” ရန်သူ……ဟေ့….ရန်သူ”။
 ဧရာတီကို ကာကွယ်ခဲ့သူ
” ရန်သူ……ဟေ့….ရန်သူ”။
 ရည်ရွယ်ချက်မတူ၊ အကျိုးတူ
” ရန်သူ……ဟေ့….ရန်သူ”။
 အတွေးမတူ၊ အမြင်တူ
” ရန်သူ……ဟေ့….ရန်သူ”။
 စေတနာတူ၊လမ်းလည်းတူ
” ရန်သူ……ဟေ့….ရန်သူ”၊
” ရန်သူ……ဟေ့….ရန်သူ”။
In: ကဗျာ Posted By: Date: Oct 26, 2011

my hero

မဏ္ဍာပ်မထိုးရ လူမစုရ
စားမြိန်ထုတ်မထည့်လိုက်ရ
ရေအိုးမခွဲလိုက်ရ
မနက်စောစောချတဲ့အသုဘ
ဖုန်းမော်ရေ
အမျှ . အမျှ . အမျှ


ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသည့်
စက်မှုအားမာန် စာစောင်၊ အမှတ်စဉ် (၄)၊ ၁၇.၉.၈၈ မှ ကူးယူဖော်ပြပါသည်။

ဝေမည်လော (ငွေတာရီ)

လေရူးနှောက်၍၊
သွေ့ခြောက်ရွက်ဝါ ကြွေခဲ့ပြီ။
နွေဦးပေါက်၍၊
မြညှောက်နုလွှာ ဝေခဲ့ပြီ။
အဟောင်းပျက်မူ၊ အသစ်ပြူသည့်
ဤမူလောက၊ သဘာဝသို့
ရှေးက အချစ်၊ ဝေးကျန်ရစ်သော်
ပွင့်သစ်မေတ္တာ၊ ဖူးငုံအာလည်း
ဧရာနှယ်ဖြိုး၊ ကြင်နာတိုးသည်
ချစ်မိုးစွေက ဝေမည်လော။ ။

Monday, October 24, 2011

အ၀ါ

ကျနော့်အတွက်တော့ အမှတ်တရ essay တစ်ပုဒ်ပါ။ written by kaungmyat ပေါ့။
           အရောင်များအကြောင်းကို ကျနော်သိပ်မသိပါ။ အရောင်တို့၏ လွှမ်းမိုးမှု၊ အနက် တို့ကို ကျနော်မသိ။အရောင်တို့ကိုလည်း အလေးအနက်မထားတတ်ပါ။
                သို့သော် လမ်းလေးနှင့် ပတ်သက်ဆက်နွယ်နေသော အဝါရောင်ကိုတော့ မှတ်မှတ်ထင်ထင်ရှိသည်။ထိုလမ်းလေးသည် မြေဝါလမ်းကျဉ်းလေး ဖြစ်သည်။လမ်းလေးတစ်လျောက် ပင်အိုတို့က အုပ်မိုးထားသည်။ နွေရာသီ၏ ညနေ၊  ထိုလမ်းလေးနှင့်ကျနော်..............။
               ရွက်ကြွေတို့သည် အဝါ၊ရော်ရွက်တို့သည်လည်း အဝါ။ငုတ်လျိုးစ နေဝန်းကလည်း ဝါရောင်သွေး       
ကာမှိန်ဖျော့နေခဲ့ပြီ။လမ်းကျဉ်းလေးသည်လည်း ဝါရောင်သွေးကိုသာ ထင်ဟပ်လျက်  

Sunday, October 23, 2011

for think

ကျနော်တို့မှာလိုအပ်တာတွေ အများကြီးပါ။ဘာတွေလိုနေလဲ ဆိုတာ ကျနော်တို့မတွေးခဲ့ကြဘူး။
ကန့်သတ်ထားတဲ့ နံရံနောက်မှာပဲနေခဲ့ကြရတာလေ။မတွေးခဲ့ကြမိတာတော့ နည်းနည်းလွန်တာပေါ့။ အချိန်နှောင်းတယ်ဆိုတာ မရှိပေမယ့် နောက်ကျကျန်ခဲ့ပြီလေ။တွေးကြရအောင်ပါ။http://kaungmyat333.blogspot.com/