ကျောက်ဂူနံရံတွေကို
ကွန်ကရစ်နံရံအဖြစ်သို့
ငါတို့ပြောင်းလဲအောင် စွမ်းနိုင်ခဲ့ကြတယ်။
နံရံဆိုတာ
ငါတို့ကို ကာကွယ်ပေးဖို့
သတ်မှတ်ထားတဲ့အကာအရံတွေပါပဲ။
ဒါပေမယ့် သမိုင်းခေတ်တစ်ချို့မှာတော့
လူတစ်စုကို ကာကွယ်ဖို့၊
လူထုကို ပိတ်လှောင်ထားတဲ့နံရံမျိုးလည်း ရှိပြန်တယ်။
ယုံကြည်မှု၊ ခံယူချက်တွေ၊ အမြင်တွေကို
ကာဆီးထားတဲ့ အကာအရံ။
ဒီလိုနံရံတွေကို ဖြိုဖျက်ဖို့
ကြိုးပမ်းခဲ့သူတွေက သူရဲကောင်းတွေ။
ပိတ်လှောင်ထားတဲ့ နံရံတွေရဲ့အပြင်ဘက်မှာ
အလင်းရောင်တွေရှိပြီး။
ကာကွယ်ထားတဲ့ နံရံတွေရဲ့အတွင်းဘက်မှာတော့
လင်းရောင်တွေ ဖြာလင်းနေခဲ့တယ်။
ငါတို့တစ်ဦးချင်းအတွက်လည်း
နံရံတွေ။
အသိတရား၊ ဆင်ခြင်မှုတွေနဲ့ ကာကွယ်ထားတဲ့နံရံ။
အတ္တ၊မောဟ၊လောဘ၊ဒေါသတွေနဲ့ ပိတ်လှောင်ထားတဲ့နံရံ။
ငါတို့တွေအတွက်
ငါ့ကိုငါရဲ့ ရန်သူ၊ ငါ့ကိုငါရဲ့ သူရဲကောင်း
ရွေးချယ်ဖို့
နံရံတွေကို ကာကွယ်ကြမယ်။
နံရံတွေကို ဖြိုဖျက်ကြမယ်။ ။ ။
Saturday, October 29, 2011
Friday, October 28, 2011
ပစ်ဖဲ
လက်ကလွှတ်ချလိုက်တဲ့ အချိန်မှာပဲ
မင်းဘက်က မသက်ဆိုင်တော့သလို
ဥပက္ခာပြုနိုင်ခဲ့တယ်။
ငါ့ကို
မင်းကိုယ်တိုင်တန်ဖိုးတွေဖြတ်၊
မင်းအတွက် အနိုင်၊အရှုံးတွေတွက်ပြီး
အဆုံးမှာတော့ ငါ့ကိုစွန့်ခဲ့တာပါပဲ။
မင်းအတွက်က
အသစ်သစ်သောအရာတွေကို
ကျေနပ်မှုတွေ၊ အနိုင်တွေဆောင်ယူလာမလားဆိုတဲ့
မျှော်လင့်မှုနဲ့စောင့်ရင်း ရှင်သန်နေဦးမှာပါ။
ငါ့အတွက်တော့
မင်းအတွက်မလိုအပ်ဘူးဆိုတာ ထုတ်ပြခံရပြီး
အိနြေ္ဒမဲ့စွာ ရှိသမျှတန်ဖိုးတွေကို ဖွင့်ပြခံလိုက်ရတာပါပဲ။
မင်းမဟုတ်တဲ့ တစ်ခြားတစ်ယောက်အတွက်
ငါ့တန်ဖိုးက အနိုင်ရလဒ်ဖြစ်စေခဲ့မယ်ဆိုလည်း
မင်းကနာကျည်းစွာ အပြစ်ဆိုမယ့်အဖြစ်ကို
ငါသိတယ်။
ကစားပွဲမှာ ငါကအဖြည့်ခံတန်ဖိုးပေမယ့်
မင်းအတွက်အနိုင်ရလဒ်သာ ငါ့ကြောင့်ဖြစ်စေမယ်ဆို
ငါကျေနပ်နိုင်ခဲ့မှာပါ
Tuesday, October 25, 2011
” ရန်သူ……ဟေ့….ရန်သူ”။
ငါ့အဖေကို ပုတ်ခတ်သူ
” ရန်သူ……ဟေ့….ရန်သူ”။
ငါ့သားတွေကို အပြစ်ပြောသူ
” ရန်သူ……ဟေ့….ရန်သူ”။
ငါ့အဆွေကို ရန်ရှာသူ
” ရန်သူ……ဟေ့….ရန်သူ”။
ဧရာတီကို ကာကွယ်ခဲ့သူ
” ရန်သူ……ဟေ့….ရန်သူ”။
ရည်ရွယ်ချက်မတူ၊ အကျိုးတူ
” ရန်သူ……ဟေ့….ရန်သူ”။
အတွေးမတူ၊ အမြင်တူ
” ရန်သူ……ဟေ့….ရန်သူ”။
စေတနာတူ၊လမ်းလည်းတူ
” ရန်သူ……ဟေ့….ရန်သူ”၊
” ရန်သူ……ဟေ့….ရန်သူ”။
” ရန်သူ……ဟေ့….ရန်သူ”။
ငါ့သားတွေကို အပြစ်ပြောသူ
” ရန်သူ……ဟေ့….ရန်သူ”။
ငါ့အဆွေကို ရန်ရှာသူ
” ရန်သူ……ဟေ့….ရန်သူ”။
ဧရာတီကို ကာကွယ်ခဲ့သူ
” ရန်သူ……ဟေ့….ရန်သူ”။
ရည်ရွယ်ချက်မတူ၊ အကျိုးတူ
” ရန်သူ……ဟေ့….ရန်သူ”။
အတွေးမတူ၊ အမြင်တူ
” ရန်သူ……ဟေ့….ရန်သူ”။
စေတနာတူ၊လမ်းလည်းတူ
” ရန်သူ……ဟေ့….ရန်သူ”၊
” ရန်သူ……ဟေ့….ရန်သူ”။
my hero
မဏ္ဍာပ်မထိုးရ လူမစုရ
စားမြိန်ထုတ်မထည့်လိုက်ရ
ရေအိုးမခွဲလိုက်ရ
မနက်စောစောချတဲ့အသုဘ
ဖုန်းမော်ရေ အမျှ . အမျှ . အမျှ
စားမြိန်ထုတ်မထည့်လိုက်ရ
ရေအိုးမခွဲလိုက်ရ
မနက်စောစောချတဲ့အသုဘ
ဖုန်းမော်ရေ အမျှ . အမျှ . အမျှ
ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသည့်
စက်မှုအားမာန် စာစောင်၊ အမှတ်စဉ် (၄)၊ ၁၇.၉.၈၈ မှ ကူးယူဖော်ပြပါသည်။
ဝေမည်လော (ငွေတာရီ)
လေရူးနှောက်၍၊
သွေ့ခြောက်ရွက်ဝါ ကြွေခဲ့ပြီ။
သွေ့ခြောက်ရွက်ဝါ ကြွေခဲ့ပြီ။
နွေဦးပေါက်၍၊
မြညှောက်နုလွှာ ဝေခဲ့ပြီ။
မြညှောက်နုလွှာ ဝေခဲ့ပြီ။
အဟောင်းပျက်မူ၊ အသစ်ပြူသည့်
ဤမူလောက၊ သဘာဝသို့
ရှေးက အချစ်၊ ဝေးကျန်ရစ်သော်
ပွင့်သစ်မေတ္တာ၊ ဖူးငုံအာလည်း
ဧရာနှယ်ဖြိုး၊ ကြင်နာတိုးသည်
ချစ်မိုးစွေက ဝေမည်လော။ ။
ဤမူလောက၊ သဘာဝသို့
ရှေးက အချစ်၊ ဝေးကျန်ရစ်သော်
ပွင့်သစ်မေတ္တာ၊ ဖူးငုံအာလည်း
ဧရာနှယ်ဖြိုး၊ ကြင်နာတိုးသည်
ချစ်မိုးစွေက ဝေမည်လော။ ။
Monday, October 24, 2011
အ၀ါ
ကျနော့်အတွက်တော့ အမှတ်တရ essay တစ်ပုဒ်ပါ။ written by kaungmyat ပေါ့။
အရောင်များအကြောင်းကို ကျနော်သိပ်မသိပါ။ အရောင်တို့၏ လွှမ်းမိုးမှု၊ အနက် တို့ကို ကျနော်မသိ။အရောင်တို့ကိုလည်း အလေးအနက်မထားတတ်ပါ။
သို့သော် လမ်းလေးနှင့် ပတ်သက်ဆက်နွယ်နေသော အဝါရောင်ကိုတော့ မှတ်မှတ်ထင်ထင်ရှိသည်။ထိုလမ်းလေးသည် မြေဝါလမ်းကျဉ်းလေး ဖြစ်သည်။လမ်းလေးတစ်လျောက် ပင်အိုတို့က အုပ်မိုးထားသည်။ နွေရာသီ၏ ညနေ၊ ထိုလမ်းလေးနှင့်ကျနော်..............။
ရွက်ကြွေတို့သည် အဝါ၊ရော်ရွက်တို့သည်လည်း အဝါ။ငုတ်လျိုးစ နေဝန်းကလည်း ဝါရောင်သွေး
ကာမှိန်ဖျော့နေခဲ့ပြီ။လမ်းကျဉ်းလေးသည်လည်း ဝါရောင်သွေးကိုသာ ထင်ဟပ်လျက်
Sunday, October 23, 2011
for think
ကျနော်တို့မှာလိုအပ်တာတွေ အများကြီးပါ။ဘာတွေလိုနေလဲ ဆိုတာ ကျနော်တို့မတွေးခဲ့ကြဘူး။
ကန့်သတ်ထားတဲ့ နံရံနောက်မှာပဲနေခဲ့ကြရတာလေ။မတွေးခဲ့ကြမိတာတော့ နည်းနည်းလွန်တာပေါ့။ အချိန်နှောင်းတယ်ဆိုတာ မရှိပေမယ့် နောက်ကျကျန်ခဲ့ပြီလေ။တွေးကြရအော င်ပါ။http://kaungmyat333.blogspot.c om/
Saturday, October 22, 2011
history
- သမိုင်းအစဉ်သည် ဆုတ်ယုတ်နေသည်လား ?
- တိုးတက်နေသည်လား ?
- ဆုတ်ယုတ်ချည်တစ်ခါ၊ တိုးချည်တစ်လှည့် ဖြစ်နေသည်လား ?
- တိုးတက်ဆုတ်ယုတ်မှုတို့ ရောထွေးနေသည်လား ?
ကမ္ဘာသမိုင်း၊ နိုင်ငံသမိုင်း၊ လူမျိုးသမိုင်း၊ လူတစ်ဦးချင်းဧ။်သမိုင်း
ကျနော်တို့သတ်မှတ်ထားသော သမိုင်းကို ကျနော်တို့ရေးထိုးကြရမည်။
ဘယ်လိုသမိုင်းမျိုးကို ရေးကြမှာလဲ ?
Friday, October 21, 2011
လိပ်ပျို
ကျနော်တို့တွေ ကျနော်တို့ထင်မှတ်ထားတဲ့ အမှန်တရားအတွက် ပေးဆပ်နိုင်ကြမှာပါ။
- အမှန်တရားဆိုတာရောထွေးနေတာလား
သီခြားဂုဏ်ရည်တွေနဲ့ နယ်ပယ်တစ်ခုစီမှာ ရှိနေတာလား။
- သြဂတ်စတပ်ရိုဒင်ရဲ့ The Thinker ဟာ
တကယ့်တွေးနေသူကြီးလား။
ပူပင်သောကရောက်နေသူ၊တွေဝေနေသူတစ်ယောက်ကော
မဖြစ်နိုင်ဘူးလား။
ငါမသိတဲ့မေးခွန်းတွေရဲ့ အဖြေကိုရှာဖို့
လရာင်တွေဖြာကျနေတဲ့သောင်ပြင်မှာ ဒီလှိုင်းအလာကိုစောင့်နေခဲ့
ကြတယ်။တစ်ခြားသူတွေလည်းပါတာပေါ့။
ဒါပေမယ့် ငါတို့ဟာ ပင်လယ်ရေနဲ့တစ်ကြိမ်တစ်ခါမှ မထိတွေ့ဖူးတဲ့ လိပ်ပျိုတွေပါ။
ခြေလက်တွေက ( တုံ့နှေး )2၊အခွံလေးကြီးကိုလည်း ထမ်းပိုးရဦးမယ်။
- အမှန်တရားဆိုတာရောထွေးနေတာလား
သီခြားဂုဏ်ရည်တွေနဲ့ နယ်ပယ်တစ်ခုစီမှာ ရှိနေတာလား။
- သြဂတ်စတပ်ရိုဒင်ရဲ့ The Thinker ဟာ
တကယ့်တွေးနေသူကြီးလား။
ပူပင်သောကရောက်နေသူ၊တွေဝေနေသူတစ်ယောက်ကော
မဖြစ်နိုင်ဘူးလား။
ငါမသိတဲ့မေးခွန်းတွေရဲ့ အဖြေကိုရှာဖို့
လရာင်တွေဖြာကျနေတဲ့သောင်ပြင်မှာ ဒီလှိုင်းအလာကိုစောင့်နေခဲ့
ကြတယ်။တစ်ခြားသူတွေလည်းပါတာပေါ့။
ဒါပေမယ့် ငါတို့ဟာ ပင်လယ်ရေနဲ့တစ်ကြိမ်တစ်ခါမှ မထိတွေ့ဖူးတဲ့ လိပ်ပျိုတွေပါ။
ခြေလက်တွေက ( တုံ့နှေး )2၊အခွံလေးကြီးကိုလည်း ထမ်းပိုးရဦးမယ်။
အမွေ
ပိုင်ဆိုင်ခြင်း၊ရယူခြင်း သဘောသာရှိတယ်လို့
သူတို့ထင်မှတ်ထားကြတယ်။
ပေးအပ်ခြင်းရဲ့ ပြယုဂ်တစ်ခု
ပေးအပ်ခြင်းဆိုတာကိုပဲ အလေးထားရမှာလား၊
ပြယုဂ်တွေကိုသာ ထိန်းသိမ်းထားရမှာလား။
သူတို့ထင်မှတ်ထားကြတယ်။
ပေးအပ်ခြင်းရဲ့ ပြယုဂ်တစ်ခု
ပေးအပ်ခြင်းဆိုတာကိုပဲ အလေးထားရမှာလား၊
ပြယုဂ်တွေကိုသာ ထိန်းသိမ်းထားရမှာလား။
Thursday, October 20, 2011
ခုခေတ် ကျနော်တို့လူငယ်တွေမှာ
ဘာကိုမှမသိတဲ့သူတွေ၊အသိတရားတွေလိုအပ်တဲ့သူတွေကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်နေကြသူတွေ၊လွဲမှားနေကြသူတွေ
တော်တော်များများရှိပါတယ်။
ကျနော်တို့တွေကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်ကိုကအနေအထားတစ်မျိုးပါ။အခြေအနေ၊နောက်ခံ၊ခံယူမှုတွေက
လွဲနေခဲ့ပါတယ်။ယုံကြည်မှုတွေကို ထုတ်ဖော်ခွင့်မရတဲ့ ပတ်ဝန်းကျင်ပါ။အတင်းအကျပ်ပုံသွင်းခံထားရတဲ့ အသိုင်းအ၀ိုင်း
မျိုးပါ။
အသိကိုခံယူရင်း ကြီးပြင်းရတဲ့သင်ယူမှုအရွယ်မှာ ကျနော်တို့အတွက် အကြောင်းပြစရာတွေ၊ မေးစရာတွေ၊ ပိုပြီးသိချင်
တာတွေ၊ စောဒက တက်စရာတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ဆန္ဒတွေကို ဖွင့်ထုတ်ခွင့်မရတဲ့ အကြောင်း
တရား၊ထိန်းချုပ်မှု၊တင်းကျပ်မှု ..........ဒါတွေက...........?။
ကျနော်သဘောမကျတဲ့ပတ်ဝန်ကျင်ကို ကျနော်ကတော့ ပြေင်းလဲချင်ပါတယ်။ဘယ်လိုပြောင်းလဲနိုင်မလဲ.......?။
မေးခွန်းတွေအဖြေတွေ လိုပါတယ်။အသိတွေ လိုပါတယ်။ခံစားချက်တွေလိုအပ်တယ်။အတွေးတွေလိုပါတယ်။ပြောင်းလဲဖို့ကြိုးစား
ကြည့်မယ်။
သူငယ်ချင်းရော အဲ့လိုဆန္ဒရှိလား။ကျနော်တို့အရိပ်တွေ ထင်ဟပ်နေတဲ့ နံရံတွေကိုကောင်းသထက်ကောင်းအောင်ပေါ့။ဆွေးနွေး
ကြည့်ရအောင်။
တော်တော်များများရှိပါတယ်။
ကျနော်တို့တွေကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်ကိုကအနေအထားတစ်မျိုးပါ။အခြေအနေ၊နောက်ခံ၊ခံယူမှုတွေက
လွဲနေခဲ့ပါတယ်။ယုံကြည်မှုတွေကို ထုတ်ဖော်ခွင့်မရတဲ့ ပတ်ဝန်းကျင်ပါ။အတင်းအကျပ်ပုံသွင်းခံထားရတဲ့ အသိုင်းအ၀ိုင်း
မျိုးပါ။
အသိကိုခံယူရင်း ကြီးပြင်းရတဲ့သင်ယူမှုအရွယ်မှာ ကျနော်တို့အတွက် အကြောင်းပြစရာတွေ၊ မေးစရာတွေ၊ ပိုပြီးသိချင်
တာတွေ၊ စောဒက တက်စရာတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ဆန္ဒတွေကို ဖွင့်ထုတ်ခွင့်မရတဲ့ အကြောင်း
တရား၊ထိန်းချုပ်မှု၊တင်းကျပ်မှု ..........ဒါတွေက...........?။
ကျနော်သဘောမကျတဲ့ပတ်ဝန်ကျင်ကို ကျနော်ကတော့ ပြေင်းလဲချင်ပါတယ်။ဘယ်လိုပြောင်းလဲနိုင်မလဲ.......?။
မေးခွန်းတွေအဖြေတွေ လိုပါတယ်။အသိတွေ လိုပါတယ်။ခံစားချက်တွေလိုအပ်တယ်။အတွေးတွေလိုပါတယ်။ပြောင်းလဲဖို့ကြိုးစား
ကြည့်မယ်။
သူငယ်ချင်းရော အဲ့လိုဆန္ဒရှိလား။ကျနော်တို့အရိပ်တွေ ထင်ဟပ်နေတဲ့ နံရံတွေကိုကောင်းသထက်ကောင်းအောင်ပေါ့။ဆွေးနွေး
ကြည့်ရအောင်။
thinking
ကျနော်တွေးတဲ့ နည်းလမ်း၊ဟန် တစ်ခုပါ။
-အတွေးဆိုတာ
Infinity ပါ။တွေးသူက ပိုင်းဖြတ်ရတယ်။အပြန်အလှန်သက်ရောက်မှု အတွေးတွေကို
ပိုင်းဖြတ်ပြီးတဲ့အခါ end လို့ခေါ်တဲ့အဆုံးကိုတွေးတယ်။
-ဖြစ်ပျက်ပြီးတဲ့အရာ
(subject) ဆိုရင်တော့ အကြောင်း၊အကျိုးတွေကို သုံးသပ်တယ်။မဆုံးသေးတဲအရာ
(subject)ကိုတော့ ဖြစ်လာနိုင်တဲ့ကြောင်းကျိုးတွေကို တွေးတာပေါ့။
The Thinker ဆိုတဲ့ သြဂတ်စတပ်ရိုဒင် ရဲ့လက်ရာကိုကျနော်အရမ်းသဘောကျတာ။The Thinker ကြီးလို ဟန်မျိုးနဲ့ တစ်ခါတစ်လေတော့လည်း တွေးမိချင်သား။ကိုယ်လုံးတီးတော့ မဟုတ်ဘူးပေါ့။ အဲ့လိုကြီး တွေးလိုက်မယ်လို့လည်း တစ်ကြိမ်တစ်ခါမှ မတွေးဖူးခဲ့ဘူး။ကျနော်က ပိန်လည်းပိန်တာကိုး။
Subscribe to:
Posts (Atom)