Thursday, October 20, 2011

ခုခေတ် ကျနော်တို့လူငယ်တွေမှာ ဘာကိုမှမသိတဲ့သူတွေ၊အသိတရားတွေလိုအပ်တဲ့သူတွေကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်နေကြသူတွေ၊လွဲမှားနေကြသူတွေ
တော်တော်များများရှိပါတယ်။
      ကျနော်တို့တွေကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်ကိုကအနေအထားတစ်မျိုးပါ။အခြေအနေ၊နောက်ခံ၊ခံယူမှုတွေက
လွဲနေခဲ့ပါတယ်။ယုံကြည်မှုတွေကို ထုတ်ဖော်ခွင့်မရတဲ့ ပတ်ဝန်းကျင်ပါ။အတင်းအကျပ်ပုံသွင်းခံထားရတဲ့ အသိုင်းအ၀ိုင်း
မျိုးပါ။
     အသိကိုခံယူရင်း ကြီးပြင်းရတဲ့သင်ယူမှုအရွယ်မှာ ကျနော်တို့အတွက် အကြောင်းပြစရာတွေ၊ မေးစရာတွေ၊ ပိုပြီးသိချင်
တာတွေ၊ စောဒက တက်စရာတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ဆန္ဒတွေကို ဖွင့်ထုတ်ခွင့်မရတဲ့ အကြောင်း
တရား၊ထိန်းချုပ်မှု၊တင်းကျပ်မှု ..........ဒါတွေက...........?။
     ကျနော်သဘောမကျတဲ့ပတ်ဝန်ကျင်ကို ကျနော်ကတော့ ပြေင်းလဲချင်ပါတယ်။ဘယ်လိုပြောင်းလဲနိုင်မလဲ.......?။
          
မေးခွန်းတွေအဖြေတွေ လိုပါတယ်။အသိတွေ လိုပါတယ်။ခံစားချက်တွေလိုအပ်တယ်။အတွေးတွေလိုပါတယ်။ပြောင်းလဲဖို့ကြိုးစား
ကြည့်မယ်။
       သူငယ်ချင်းရော အဲ့လိုဆန္ဒရှိလား။ကျနော်တို့အရိပ်တွေ ထင်ဟပ်နေတဲ့ နံရံတွေကိုကောင်းသထက်ကောင်းအောင်ပေါ့။ဆွေးနွေး
ကြည့်ရအောင်။

No comments:

Post a Comment